ဝက်ခြံ အမြန်ဆုံးပျောက်အောင်ဘယ်လိုကုမလဲ ?
ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ ကို ဘယ်လိုဖယ်ရှားမလဲ သင်စားလိုက်တဲ့အရာတွေက ဝက်ခြံတွေပေါက်စေတာလား ဝက်ခြံအများစုဟာ လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့အချိန်မှာ ပေါက်လာလေ့ရှိပြီး ရက်အနည်းငယ်အကြာမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ တကယ်လို့သင့်မှာ stubborn acne လို့ခေါ်တဲ့ ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ ဖြစ်လာခဲ့ရင်ရော.. မပူပါနဲ့။ ဒါတွေကို ဆေးကုသမှုအချို့နဲ့ အိမ်မှာဂရုစိုက်လိုက်ရင် ပျောက်ကင်းသွားနိုင်ပါတယ်။ တကယ်လို့သင်က stubborn acne တွေကို ကုသပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတဲ့သူဆိုရင်တော့ ဒီဆောင်းပါးဟာ သင့်အတွက်ပါပဲ။ ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ သို႔ Stubborn acne (ခေါင်းမာတဲ့ ဝက်ခြံ)ဆိုတာဘာလဲ။ ခေါင်းမာတဲ့ဝက်ခြံဆိုတာ ပုံမှန်မဟုတ်ဘဲ ထွက်ပေါ်လာတဲ့ ဝက်ခြံမျိုးပါ။ ဝက်ခြံဆိုတာဆယ်ကျော်သက်အရွယ်တွေ ဒါမှမဟုတ် လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့သူတွေရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ ဝက်ခြံတွေဟာ ရက်အနည်းငယ်လောက်ကြာနိုင်ပါတယ်။ သင် အသက်၂၀ကျော်သည်ထိလည်း ဝက်ခြံပြဿနာတွေကို ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ ဝက်ခြံတွေဟာ သင်ဘယ်လိုနည်းကိုမဆို အိမ်မှာ ကြိုးစားပြီးလုပ်ကြည့်သည်ဖြစ်စေ၊ ပျောက်မသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ အိမ်မှ